လူ့ဘဝက သိပ်တိုတယ်။ ကိုယ့်အပေါ် ချစ်တဲ့သူနဲ့သာ ရှင်သန်ပါ..
ကိုယ်ဟာ သူ့အတွက်၊သူဟာ ကိုယ့်အတွက် ဆိုတဲ့လူမျိုးနဲ့ ဘဝကို ဖြတ်သန်းပါ။ဒီလိုလူမျိုးကို တွေ့ရဖို့ လွယ်တော့မလွယ်ပါ။စောင့်ဆိုင်းရပါတယ်။ "ခ"သုံးလုံးကို ကျင့်သုံးပါ။ ခွင့်လွှတ်ပါ။ ခံနိုင်ရည်ရှိပါ။ ခံစားချက်တွေအပေါ် သိပ်အလိုမလိုက်ပါနဲ့ ခွင့်လွှတ်တတ်ခြင်းသည် ငြိမ်းချမ်းမှုကို ကိုယ်က ဦးစွာ ခံစားမိတာပါ။ ဘာတွေပဲ ကြုံလာပါစေ မညည်းတွားဘဲ ရင်ဆိုင်သွားပါ။ခံနိုင်ရည်ရှိပါစေ။ နေရာတကာ ခံစားချက်နဲ့ အသက်ရှင်လို့ မရဘူး။ခံစားချက် နောက်လိုက်တာ များရင် ဘဝဟာ အဆင်မပြေမှုတွေ ကြုံရနိုင်တယ်။ကမောက်ကမဖြစ်သွားနိုင်တယ်။ ရှိသင့်ရှိထိုက်တဲ့ မာနလေးတော့ ရှိပါ။ မင်းကို မချစ်တော့ဘူးပြောတဲ့အချိန် အသာတကြည် လှည့်ထွက်သွားတာလည်း ချစ်ခြင်းမေတ္တာပါပဲ။ ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ကိုယ့်ကို လုံးလုံး သိမ်ငယ်သွားစေတဲ့အထိ မနပေါနဲ့။မလိုအပ်ဘဲ ... ещё